HR System
BIB Co., Ltd မှ ရေးဆွဲထားသော HR System သည် ဝန်ထမ်းများနှင့် HR အကြား ချိတ်ဆက်မှုကို ပိုမိုကောင်းမွန်စေပြီး လုပ်ငန်းဆောင်တာများကို အမှားအယွင်းမရှိ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။ Fingerprint မှတစ်ဆင့် လစာများကို အလိုအလျောက် တွက်ချက်ပေးနိုင်သည့်အပြင် ခွင့်ရက်နှင့် OT စီမံခန့်ခွဲမှုများကိုလည်း လွယ်ကူစေသဖြင့် အချိန်နှင့် ကုန်ကျစရိတ်များကို များစွာ သက်သာစေမည် ဖြစ်ပါသည်။
Advantages of HR System
အချိန်တိုအတွင်း များစွာသော အလုပ်တာဝန်များကို အမှားအယွင်းမရှိ လျင်မြန်စွာ ပြီးစီးနိုင်သဖြင့် လုပ်ငန်းခွင်လည်ပတ်မှုကို ပိုမိုမြန်ဆန်စေခြင်း။
လူကိုယ်တိုင်လုပ်ဆောင်ရာတွင် ဖြစ်တတ်သည့် အမှားအယွင်းများကို လျှော့ချနိုင်ပြီး အလုပ်တာဝန်များကို ပိုမိုတိကျခိုင်မာစွာ ဆောင်ရွက်နိုင်ခြင်း။
ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်းတာဝန် များကို ရှင်းလင်းစွာ သတ်မှတ်ပေးနိုင်ရုံ တင်မကဘဲ ၎င်းတို့၏ စွမ်းဆောင်ရည် အလိုက် အသိအမှတ်ပြု ချီးမြှင့်နိုင်သဖြင့် လုပ်ငန်းခွင်အတွင်း တက်ကြွသော စိတ်အားထက်သန်မှုနှင့် အောင်မြင်မှု များကို ဖော်ဆောင်ပေးနိုင်ခြင်း။
ဝန်ထမ်းများ၏ လက်ဗွေအသုံးပြု တက်ရောက်မှုစနစ် (Fingerprint Attendance) နှင့် တိုက်ရိုက်ချိတ်ဆက်ထားသဖြင့် အလုပ်တက်ရက်၊ ပျက်ရက်နှင့် နောက်ကျချိန်များကို အခြေခံ၍ လစာငွေကို အလိုအလျောက် တိကျစွာ တွက်ချက်ပေးနိုင်ပါသည်။ ထို့ကြောင့် လူကိုယ်တိုင် စာရင်းတွက်ချက်ရသည့် အချိန်ကုန်ခြင်းနှင့် မှားယွင်းမှုများကို အထိရောက်ဆုံး လျှော့ချပေးနိုင်ခြင်း။
စာရွက်စာတမ်းအသုံးပြုမှုကို လျှော့ချပေးနိုင်ခြင်း၊ လူကိုယ်တိုင်လုပ်ဆောင်ရသည့် အလုပ်ချိန်များကို လျှော့ချပေးနိုင်ခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အမှားအယွင်းများကို ကာကွယ်ပေးနိုင်ခြင်းတို့ကြောင့် လုပ်ငန်းတစ်ခုလုံး၏ အထွေထွေကုန်ကျစရိတ်များကို ထိရောက်စွာ လျှော့ချပေးနိုင်ခြင်း။
ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ခွင့်ရက်တင်ခြင်း၊ အချိန်ပို (OT) ဆင်းခြင်း၊ အိမ်မှနေ၍ အလုပ်လုပ်ခြင်း (WFH) နှင့် ခရီးစရိတ်တောင်းခံခြင်းများကို စနစ်အတွင်း၌ပင် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်သဖြင့် မှတ်တမ်းမှတ်ရာများ သိမ်းဆည်းရာတွင် ပိုမိုတိကျသေချာစေနိုင်ခြင်း။
The Functions of HR System
Detail Management Information
ရုံးတွင်းရှိ ဌာနအလိုက်၊ ရာထူးအလိုက် အခြေခံလစာသတ်မှတ်ချက်များ၊ ရုံးပိတ်ရက်များနှင့် ခွင့်အမျိုးအစားဆိုင်ရာ အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်ထားနိုင်ခြင်း။ ထို့ပြင် အစည်းအဝေးများအတွက် အချိန်ဇယားသတ်မှတ်ခြင်း (Meeting Scheduling) နှင့် အရေးကြီးသည့် လုပ်ငန်းစဉ်များကို တစ်နေရာတည်းတွင် စုစည်းစီမံနိုင်ခြင်း။
Employee Management
ဝန်ထမ်း၏ ကိုယ်ရေးအချက်အလက် အသေးစိတ်၊ အခြေခံလစာ၊ လိပ်စာများ ထည့်သွင်းခြင်း နှင့် ပြုပြင်ခြင်းများ ပြုလုပ်နိုင်ပြီး ဌာနအလိုက် Member များဖွဲ့စည်းခြင်းနှင့် Group Chat များ ပြုလုပ်နိုင်ခြင်း။
Project Assign
ဝန်ထမ်းများအား အလုပ်တာဝန်သတ်မှတ်ပေးနိုင်ခြင်း နှင့် ပေးအပ်ခဲ့သော အလုပ်တာဝန်မှတ်တမ်းများကို ပြန်လည်ကြည့်နိုင်ခြင်း။
Changes
ဝန်ထမ်းများ၏ ဌာနပြောင်းလဲခြင်း၊ လိပ်စာပြောင်းလဲခြင်း၊ ကိုယ်ရေးအချက်အလက် ပြောင်းလဲခြင်း စသည်တို့အတွက် HR ထံသို့အချိန်နှင့်တပြေးညီ အကြောင်းကြားအသိပေးနိုင်ခြင်း။
Fingerprint
Fingerprint System နှင့် ချိတ်ဆက်ကာ ရုံးတက်ချိန်၊ ရုံးဆင်းချိန် မှတ်တမ်းအား လွယ်ကူစွာ စစ်ဆေးနိုင်ခြင်း။
Announcement
အဖွဲ့အစည်းအလိုက် ကြေညာချက်များကို လွယ်ကူမြန်ဆန်စွာ ထုတ်ပြန်နိုင်ခြင်း။
Currency Exchange Management
ငွေကြေးလဲလှယ်မှုနှင့်ဆိုင်သော အချက်အလက်များကို ထည့်သွင်းမှတ်သားခြင်းများ ပြုလုပ်နိုင်ခြင်း။
ဝန်ထမ်းတစ်ဦးချင်းစီ၏ ရုံးတက်ခြင်း ၊ ခွင့်ယူခြင်း၊ အိမ်မှအလုပ်လုပ်ခြင်း ၊ အချိန်ပိုဆင်းခြင်း ၊ ရုံးအသွားအပြန် စရိတ်တောင်းခံခြင်း စသည့် အစီရင်ခံစာများကို တစ်စုတစည်းတည်း ကြည့်နိုင်ခြင်း။
Ferry နှင့် ပတ်သက်သော အချက်အလက်များကို စီမံခန့်ခွဲနိုင်ခြင်း။
ရုံးပစ္စည်းစာရင်းများကို ထည့်သွင်းမှတ်သားနိုင်ခြင်း။