ကုမ္ပဏီအကြောင်း
BIB (Best IT Business) သည် မြန်မာနိုင်ငံရှိ ထိပ်တန်း IT ကုမ္ပဏီတစ်ခု ဖြစ်ပြီး Website နှင့် Mobile App ရေးဆွဲခြင်း၊ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှု (Job Agency) နှင့် နည်းပညာသင်တန်းကျောင်း (Institute) များကို တစ်နေရာတည်းတွင် အလုံးစုံ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းသုံးဆော့ဖ်ဝဲလ်များနှင့် နည်းပညာဝန်ဆောင်မှုများသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ပိုမိုလွယ်ကူ လျင်မြန်စွာ လည်ပတ်နိုင်စေရုံသာမက ဒီဂျစ်တယ်စနစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ရန် အကောင်းဆုံး ပံ့ပိုးကူညီပေးနေပါသည်။
Company Name
-
BIB Co., Ltd
Founder
-
ဦးကျော်စိုးနိုင်
Established
-
19 June, 2018
Our Vision & Mission
Vision
-
ယုံကြည်စိတ်ချရသော ထိပ်တန်း IT Company ဖြစ်လာစေရန်။
Mission
-
အရည်အသွေးကောင်းမွန်သော Package Software များတီထွင်ထုတ်လုပ်ရန်။
-
အများအတွက်အသုံးဝင်သော App များတီထွင်ထုတ်လုပ်ရန်။
-
ယုံကြည်စိတ်ချရသော SaaS ဝန်ဆောင်မှုများပေးရန်။
-
DX, AX ဝန်ဆောင်မှုများပေးရန်။
-
IT ကိုအခြေခံသောစီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရန်။
Our Valued Clients
BIB ၏ ဝန်ဆောင်မှုများကို ယုံကြည်စွာ ရွေးချယ်အားပေးကြသော လုပ်ငန်းရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိပါသည်။ လူကြီးမင်းတို့၏ အားပေးမှုသည် ကျွန်ုပ်တို့၏ အကြီးမားဆုံး အောင်မြင်မှုဖြစ်ပြီး၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးစားသွားပါမည်။
Our Core Ecosystem
အလုပ်အကိုင် ရှာဖွေရေး
မြန်မာနိုင်ငံရှိ အလုပ်ရှင်များနှင့် အရည်အချင်းရှိသော အလုပ်ရှာဖွေသူများကို အလွယ်တကူ အချိန်တိုအတွင်း ချိတ်ဆက်ပေးနိုင်ရန်အတွက် ခေတ်မီပြီး အသုံးပြုရလွယ်ကူသော BIB Job (အလုပ်ရှာဖွေရေး website) ကို ထုတ်လုပ်ထားပါသည်။ ဝန်ထမ်းများကို မြန်ဆန်စွာ ရှာဖွေနိုင်သလို၊ မိမိတို့နှင့် ကိုက်ညီမည့် အလုပ်အကိုင်များကိုလည်း https://bib-job.com/ တွင် ရှာဖွေလျှောက်ထားနိုင်ပါသည်။
စီးပွားရေးလုပ်ငန်းသုံး ဆော့ဖ်ဝဲလ်များ
လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲမှုများကို အမှားအယွင်းကင်းစင်ပြီး ပိုမိုမြန်ဆန်သော အလိုအလျောက်စနစ် (Automation) သို့ ပြောင်းလဲပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့မှ လုပ်ငန်းခွင်လိုအပ်ချက်များနှင့် ကိုက်ညီမည့် စီးပွားရေးလုပ်ငန်းသုံး စနစ်မျိုးစုံ (ဥပမာ - ERP, POS, HR, Accounting, E-Commerce, Delivery Systems) တို့ကို အကောင်းဆုံး ရေးဆွဲဖြန့်ချီပေးလျက် ရှိပါသည်။
နည်းပညာဆိုင်ရာ အကြံပေးနှင့် ဝန်ဆောင်မှုများ
မိမိတို့လုပ်ငန်းအလိုက် သီးသန့်လိုအပ်သော Custom Website များ၊ Mobile Application များနှင့် Windows Application များကို စိတ်ကြိုက်ရေးဆွဲ တည်ဆောက်ပေးခြင်းနှင့် အိုင်တီနည်းပညာဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါသည်။
FAQ
-
BIB က IT Software သီးသန့်ပဲ လုပ်ဆောင်တာလား။
-
လုပ်ငန်းသုံး Software စနစ်တွေ ဝယ်ယူပြီးရင် After-Sales Support ပေးပါသလား။
-
Software တွေ မဝယ်ယူခင် အခမဲ့ စမ်းသပ်ကြည့်လို့ ရပါသလား။
Contact Us
ကျွန်ုပ်တို့၏ နည်းပညာဝန်ဆောင်မှုများနှင့် လုပ်ငန်းသုံး software များအကြောင်း အသေးစိတ်ဆွေးနွေးတိုင်ပင်လိုပါက အောက်ပါ Form တွင် အချက်အလက်များဖြည့်စွက်၍ အခမဲ့ဆက်သွယ် မေးမြန်းနိုင်ပါသည်။
-
ဖုန်းနံပါတ်
-
အီးမေးလ်
-