BIB Co., Ltd မှ HR Software သည် ဝန်ထမ်းနှင့် HR ကြား အကောင်းဆုံး ဆက်ဆံရေးရရှိစေနိုင်ပြီး အချိန်ကုန်သက်သာစေရန် အမှားအယွင်းအနည်းဆုံးဖြစ်စေရန် ရည်ရွယ်၍ ရေးဆွဲထားသော Software တစ်ခုဖြစ်ပါသည်။
ရုံးတွင်းရှိ ဌာနအလိုက်၊ ရာထူးအလိုက် အခြေခံလစာသတ်မှတ်ချက်များ၊ အလုပ်ပိတ်ရက်များ၊ ခွင့်အမျိုးအစားများစသည့် ခွင့်အမျိုးအစားဆိုင်ရာ အချက်အလက်များကို စနစ်တကျ သိမ်းဆည်းထားနိုင်ခြင်း နှင့် အစည်းအဝေးပြုလုပ်ရန် အချိန်ဇယားသတ်မှတ်ခြင်းများ ပြုလုပ်နိုင်ခြင်း။
ဝန်ထမ်း၏ ကိုယ်ရေးအချက်အလက် အသေးစိတ်၊ အခြေခံလစာ၊ လိပ်စာများ ထည့်သွင်းခြင်း နှင့် ပြုပြင်ခြင်းများ ပြုလုပ်နိုင်ပြီး ဌာနအလိုက် Member များဖွဲ့စည်းခြင်းနှင့် Group Chat များ ပြုလုပ်နိုင်ခြင်း။
ဝန်ထမ်းများအား အလုပ်တာဝန်သတ်မှတ်ပေးနိုင်ခြင်း နှင့် ပေးအပ်ခဲ့သော အလုပ်တာဝန်မှတ်တမ်းများကို ပြန်လည်ကြည့်နိုင်ခြင်း။
ဝန်ထမ်းများ၏ ဌာနပြောင်းလဲခြင်း၊ လိပ်စာပြောင်းလဲခြင်း၊ ကိုယ်ရေးအချက်အလက် ပြောင်းလဲခြင်း စသည်တို့အတွက် HR ထံသို့အချိန်နှင့်တပြေးညီ အကြောင်းကြားအသိပေးနိုင်ခြင်း။
Fingerprint System နှင့် ချိတ်ဆက်ကာ ရုံးတက်ချိန်၊ ရုံးဆင်းချိန် မှတ်တမ်းအား လွယ်ကူစွာ စစ်ဆေးနိုင်ခြင်း။
အဖွဲ့အစည်းအလိုက် ကြေညာချက်များကို လွယ်ကူမြန်ဆန်စွာ ထုတ်ပြန်နိုင်ခြင်း။