ကိုယ်ရေးအချက်အလက် ထိန်းသိမ်းမှု မူဝါဒ
BIB Co., Ltd.
သည် ဝက်ဘ်ဆိုက်အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် လုံခြုံမှုကို အလေးအနက် တန်ဖိုးထားပါသည်။
ဤမူဝါဒသည် လူကြီးမင်းတို့ ဝက်ဘ်ဆိုက်ကို အသုံးပြုစဉ် သို့မဟုတ် ဆက်သွယ်ရန်ဖောင် ဖြည့်စွက်စဉ်တွင် ရရှိလာသော ဒေတာများကို ကျွန်ုပ်တို့ဘက်မှ မည်သို့ စနစ်တကျ ကာကွယ်စောင့်ရှောက်ပေးကြောင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်ပါသည်။
ကောက်ယူရရှိသော အချက်အလက်များ
လူကြီးမင်းတို့အနေဖြင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ရှိ ဆက်သွယ်ရန်ဖောင်များ ဖြည့်စွက်သည့်အခါ အောက်ပါအချက်အလက်များကို ရရှိနိုင်ပါသည်။
- အမည် နှင့် ရာထူး
- ဆက်သွယ်ရန် ဖုန်းနံပါတ် နှင့် အီးမေးလ်လိပ်စာ
- ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းအမည်
- မက်ဆေ့ခ်ျကဏ္ဍတွင် လူကြီးမင်းတို့ ကိုယ်တိုင် ရေးသားဖော်ပြထားသော လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ။
အချက်အလက်များကို အသုံးပြုပုံ
ရရှိလာသော ဒေတာများကို အောက်ပါ ရည်ရွယ်ချက်များအတွက်သာ သီးသန့် အသုံးပြုပါသည်။
- လူကြီးမင်းတို့ စုံစမ်းမေးမြန်းထားသော Website / Mobile App ရေးဆွဲခြင်းနှင့် လုပ်ငန်းသုံး software ဝန်ဆောင်မှုများအတွက် ပြန်လည် ဆက်သွယ် ဆွေးနွေးတိုင်ပင်ရန်။
- ဝယ်ယူပြီးသော ဝန်ဆောင်မှုများအတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုပေးရန်။
- ဝက်ဘ်ဆိုက်၏ စွမ်းဆောင်ရည်နှင့် ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ပြုပြင်ရန်။
ဒေတာလုံခြုံရေးဆိုင်ရာ ကတိကဝတ်
ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏ ကိုယ်ရေးကိုယ်တာနှင့် လုပ်ငန်းဆိုင်ရာ ဒေတာအချက်အလက်များကို စနစ်တကျ ဘေးကင်းလုံခြုံအောင် ထိန်းသိမ်းပေးထားပါသည်။ လူကြီးမင်းတို့၏ အချက်အလက်များကို ပြင်ပတတိယအဖွဲ့အစည်းများထံသို့ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် မျှဝေခြင်း လုံးဝ(လုံးဝ) ပြုလုပ်မည် မဟုတ်ပါ။
ဆက်သွယ်ရန်
ဤ ကိုယ်ရေးအချက်အလက်ထိန်းသိမ်းမှုမူဝါဒနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။
- အီးမေးလ်: info@bib-mm.com, sales@bib-mm.com
- ဖုန်းနံပါတ်: 09 787 420 117