School Management System
BIB Co., Ltd မှ ရေးဆွဲထားသော School Management System သည် ဆရာ/မ၊ ကျောင်းသားနှင့် မိဘများအကြား ချိတ်ဆက်မှုကို မြှင့်တင်ပေးပြီး ကျောင်းစီမံခန့်ခွဲမှုကို လွယ်ကူမြန်ဆန်စေရန် ရည်ရွယ်ပါသည်။ QR Code ဖြင့် ကျောင်းတက်ရောက်မှု ကောက်ခံခြင်း၊ ငွေစာရင်းရှင်းခြင်းနှင့် မိဘများအနေဖြင့် ကလေး၏ သင်ကြားမှုနှင့် ဖယ်ရီကားတည်နေရာကိုပါ သိရှိနိုင်မည် ဖြစ်ပါသည်။
Advantages of School Management System
ဆရာ/မများနှင့် ကျောင်းသား/သူများ၏ အတန်းကိစ္စအဝဝကို တစ်နေရာတည်းတွင် စုစည်းစီမံနိုင်သည့်အတွက် ကိုယ်တိုင်လုပ်ဆောင်ရသည့် အဆင့်ဆင့်ကို လျှော့ချပေးပြီး အချိန်ကုန်သက်သာစေခြင်း။
ခေတ်မီ QR Code နည်းပညာကို အသုံးပြု၍ ကျောင်းသား/သူများ၏ ကျောင်းတက်ရောက်မှုစာရင်းကို မြန်ဆန်တိကျစွာ ကောက်ခံနိုင်ခြင်း။
မိဘများအနေဖြင့် မိမိတို့သားသမီး၏ ပညာရေးတိုးတက်မှုနှင့် အိမ်စာများ၊ ကျောင်းတွင်းလှုပ်ရှားမှုများကို နေ့စဥ်ကြည့်ရှုနိုင်ခြင်း။
ကျောင်း၏ ဝင်ငွေ၊ ထွက်ငွေစာရင်းများကို မှားယွင်းမှုမရှိအောင် တိကျစွာစီမံခန့်ခွဲနိုင်ရုံတင်မကဘဲ ကျောင်းလခပေးချေမှုများအတွက် Professional ဆန်သော Digital ပြေစာများနှင့် ဘဏ္ဍာရေးအစီရင်ခံစာများကိုပါ အလွယ်တကူ ထုတ်ယူကြည့်ရှုနိုင်ခြင်း။
ဆရာနှင့် မိဘကြား မလိုအပ်သော ဆက်သွယ်မှုများကို လျှော့ချပေးပြီး ကျောင်းတွင်းအသိပေးချက်များနှင့် တိုက်ရိုက်မေးမြန်းမှုများကို စနစ်တကျ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း။
ဆရာ/မများ၏ သင်ကြားမှုအချိန်ဇယားနှင့် တာဝန်ပေးအပ်မှုများကို စနစ်တကျစီမံနိုင်ပြီး တစ်ဦးချင်းစီ၏ သင်ကြားမှုစွမ်းဆောင်ရည်မှတ်တမ်းများကို အလွယ်တကူ ထိန်းချုပ်ကွပ်ကဲနိုင်ခြင်း။
ကျောင်းသား/သူများ၏ စာမေးပွဲရလဒ်များနှင့် အမှတ်စာရင်းများကို စနစ်တကျ ပြုစုသိမ်းဆည်းနိုင်ပြီး တိုးတက်မှုအခြေအနေ (Progress Report) များကို အလွယ်တကူ ထုတ်ယူနိုင်ခြင်း။
ကျောင်း၏ အရေးကြီးအချက်အလက်များကို ခေတ်မီ Cloud နည်းပညာဖြင့် စနစ်တကျ သိမ်းဆည်းထားသည့်အတွက် အချက်အလက်များ ပျောက်ပျက်မှုမရှိဘဲ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ခြင်း။
The Functions of School Management System
ကျောင်းသား/သူ နှင့် ဆရာ/မများ၏ အချက်အလက်အသေးစိတ်ကို အချိန်မရွေး၊ နေရာမရွေး လျင်မြန်စွာ ပြန်လည်ကြည့်ရှုနိုင်ခြင်း။
ကျောင်းခွဲများအားလုံးကို တစ်နေရာတည်းမှ အလွယ်တကူ စီမံခန့်ခွဲနိုင်ခြင်း။
Academic Management နှစ်စဥ်အလိုက် အတန်းမှတ်တမ်းများ၊ ကျောင်းသား/သူများ၏ အချက်အလက်၊ ငွေကြေးဘဏ္ဍာရေးစီမံမှု မှတ်တမ်းများ ကို စနစ်တကျ ပြန်လည်စစ်ဆေးကြည့်ရှုနိုင်ခြင်း။
ဆရာ/မများမှ ကျောင်းသား/သူများ၏ ကျောင်းတက်ရောက်မှုကို QR Code စနစ်ဖြင့် လျင်မြန်စွာ ကောက်ယူနိုင်ရုံတင်မကဘဲ တစ်ဦးချင်းစီ၏ ဖွံ့ဖြိုးမှုမှတ်တမ်းများကိုပါအချိန်မရွေး ပြန်လည်ကြည့်ရှု စစ်ဆေးနိုင်ခြင်း။
မိဘများအနေဖြင့် ကျောင်းမှထုတ်ပြန်ချက်များ၊ ကလေး၏ ဖွံ့ဖြိုးမှုမှတ်တမ်း၊ အတန်းအချိန်စာရင်းပြောင်းလဲမှုနှင့် ကျောင်းတက်/ပျက်စာရင်းများကို Mobile App မှတစ်ဆင့် အချိန်နှင့် တပြေးညီ (Real-time) တိုက်ရိုက်ကြည့်ရှုနိုင်ခြင်း။
ဆရာ/မများ သင်ကြားပို့ချလိုက်သည့် နေ့စဉ်သင်ခန်းစာမှတ်တမ်းများနှင့် သင်ကြားမှုအခြေအနေများကို မိဘများက မိမိတို့ဖုန်းမှတစ်ဆင့် အလွယ်တကူ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ခြင်း။
ကျောင်း၏ ဘဏ္ဍာရေးစီးဆင်းမှု (Cash Flow) တစ်ခုလုံးကို အချိန်မရွေး၊ နေရာမရွေး စနစ်တကျ ကြည့်ရှုစစ်ဆေးနိုင်ခြင်း။
ကျောင်းလခနှင့် အခြားကုန်ကျစရိတ်များ ပေးချေပြီးသည်နှင့် တစ်ပြိုင်နက် ခေတ်မီ Professional ဆန်သော Digital ပြေစာများကို ချက်ချင်းထုတ်ပေးနိုင်ခြင်း။
ကျောင်းသား/သူတစ်ဦးချင်းစီ၏ စာမေးပွဲရလဒ်များနှင့် ဘက်စုံဖွံ့ဖြိုးမှုမှတ်တမ်း (Report Card) များကို လွယ်ကူလျင်မြန်စွာ ထုတ်ယူပေးနိုင်ခြင်း။
ဆရာ/ဆရာမများနှင့်ဝန်ထမ်းများအတွက် Salary, OT ကြေး, Late Fine အချက်အလက်များကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ခြင်း။
ကလေးများ ကျောင်းသို့ သွား/ပြန် ခရီးစဉ်တစ်လျှောက် ရောက်ရှိရာနေရာကို တိကျစွာ သိရှိနိုင်သဖြင့် မိဘများ စိတ်ချမ်းသာစွာ ယုံကြည်အားကိုးနိုင်ခြင်း။
ကျောင်းသား/သူများ၏ စာကြည့်တိုက်အသုံးပြုမှုနှင့် စာအုပ်ငှားရမ်းမှုမှတ်တမ်းများကို စနစ်တကျ မှတ်တမ်းတင်ထားရှိပြီး အလွယ်တကူ ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်ခြင်း။
ကျောင်း၏ နေ့စဉ်/လစဉ် ဝင်ငွေ၊ ထွက်ငွေ စီးဆင်းမှုများကို အသေးစိတ် စောင့်ကြည့်နိုင်ရုံတင်မကဘဲ အသေးသုံးစရိတ်မှစ၍ ဝန်ထမ်းလစာနှင့် အခြားကုန်ကျစရိတ်အားလုံးကိုပါ အမျိုးအစားအလိုက် စနစ်တကျ မှတ်တမ်းတင်နိုင်ခြင်း၊ ထို့ပြင် အတန်းအလိုက် သတ်မှတ်ထားသော ကျောင်းလခ၊ ကားခနှင့် ဝန်ဆောင်ခများကိုလည်း စနစ်မှ အလိုအလျောက် တိကျစွာ တွက်ချက်ပေးနိုင်ခြင်း။
ဆရာ၊ ဆရာမများကို မိမိတို့ကျောင်း၏ လိုအပ်ချက်အလိုက် Full-time (သို့မဟုတ်) Part-time ဟု ခွဲခြားသတ်မှတ်နိုင်ပြီး သက်ဆိုင်ရာ အတန်းနှင့် ဘာသာရပ်များကို စနစ်တကျ တာဝန်ပေးအပ် (Assign) နိုင်ခြင်း။