ERP System
BIB Co., Ltd မှ ရေးဆွဲထားသော ERP System သည် ကုန်ကြမ်းဝယ်ယူခြင်း၊ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ကုန်ချောလက်ကျန် ထိန်းချုပ်ခြင်း စသည့် လုပ်ငန်းကဏ္ဍအားလုံးကို တစ်နေရာတည်းတွင် စီမံနိုင်ရန် ရည်ရွယ်ပါသည်။ ထုတ်လုပ်မှုစဉ်ကို မြန်ဆန်စေခြင်း၊ ဈေးနှုန်း/လျှော့စျေးများ ပြင်ဆင်နိုင်ခြင်းနှင့် Reports များကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးနိုင်သဖြင့် စက်ရုံနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အထူးသင့်လျော်ပါသည်။
The Functions of ERP System
လုပ်ငန်းအတွင်း အသုံးပြုသည့် ကုန်ကြမ်းများ ဝယ်ယူမှု အသေးစိတ်ကို မှတ်သားထားနိုင်ခြင်း။
ကုန်ထုတ်လုပ်မှုအပိုင်းမှ လုပ်ငန်းစဥ် တစ်လျှောက်လုံးနှင့် ထွက်ရှိလာသော ကုန်ချောများ၏ ကုန်ပစ္စည်းစာရင်း အတိအကျကို ထည့်သွင်းစီမံနိုင်ခြင်း။
ကုန်တင်သွင်းသူနှင့် ကုန်ဝယ်ယူသူ အချက်အလက်များကိုလည်း သိမ်းဆည်းထားနိုင်ခြင်း။
ကုန်ပစ္စည်းစာရင်းများကိုလည်း သက်ဆိုင်ရာ ဂိုဒေါင်များတွင် သိုလှောင်ထားနိုင်ခြင်း၊ အရောင်းဆိုင်များသို့ ရွှေ့ပြောင်းနေရာချထားနိုင်ခြင်း။
ကုန်ပစ္စည်းများကို ရောင်းချရာတွင် လက်လီ/လက်ကား စျေးများသာမက စျေးနှုန်းများကိုလည်း အလွယ်တကူ ပြင်ဆင်နိုင်ပြီး promotion များအတွက်လည်း discount သတ်မှတ်ပေးနိုင်ခြင်း။
မိမိစက်ရုံအတွင်း တခြားသူများမှ အပ်နှံထားသော ကုန်ပစ္စည်း ထုတ်လုပ်မှုများကိုပါ စီမံခန့်ခွဲနိုင်ခြင်း။
လစဉ် ကုန်ထုတ်လုပ်မှု အရေအတွက် (ကုန်ကြမ်းနှင့် ကုန်ချော) စာရင်းများကို စစ်ဆေးကြည့်ရှုနိုင်ခြင်း။
ရရန်ရှိ/ပေးရန်ရှိ ငွေပမာဏများနှင့် အထွေထွေ အသုံးစရိတ်များကို ထည့်သွင်းစီမံနိုင်ခြင်း။
အရောင်းဘောက်ချာ၊ အဝယ်ဘောက်ချာ၊ ကုန်လက်ခံဘောက်ချာများကို ထုတ်ယူနိုင်ခြင်း။
နှစ်ချုပ် လချုပ်စာရင်းများကိုလည်း Report များစွာဖြင့် ကြည့်ရှုနိုင်ခြင်း။
အုန်းသီးအခွံမှ ခြေသုတ်ခုံ၊ ကြိုး ကဲ့သို့သော အိမ်သုံးကုန်ပစ္စည်း ထုတ်လုပ်သော လုပ်ငန်းများ၊ သီဟိုဠ်စေ့ကို ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းများ။
ကုန်ကြမ်းလက်ခံ၊ ကုန်ချောထုတ်လုပ်ပေးသည့် အထည်ချုပ်လုပ်ငန်း၊ ရှူးဖိနပ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်းများ။
စပါး၊ ပဲမျိုးစုံ၊ ပြောင်းဆံ၊ နှမ်းမှ အစပြုပြီး ကုန်မျိုးစုံ အရောင်းအဝယ်လုပ်ကိုင်နေကြသည့် ဆန်စက်၊ ဆီစက်၊ ပွဲရုံလုပ်ငန်းများ။
အိမ်တွင်း တနိုင်တပိုင် ထုတ်လုပ်သော အာလူးကြော်၊ မြေပဲကြော်၊ မုန့်မျိုးစုံလုပ်ငန်းများသာမက ပြည်တွင်း၌ ထုတ်လုပ်ပြီး နိုင်ငံခြားသို့ ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းကြီးများ။