Accounting System

BIB Co., Ltd မှ ရေးဆွဲထားသော Accounting System သည် လုပ်ငန်း၏ ဝင်ငွေ၊ ထွက်ငွေနှင့် ငွေစာရင်းများကို စနစ်တကျ မှတ်တမ်းတင်ကာ အမှားအယွင်းကင်းစွာ စီမံနိုင်ရန် ရည်ရွယ်ပါသည်။ တိကျမှန်ကန်သော ငွေစာရင်းရှင်းတမ်း (Reports) များကို အချိန်တိုအတွင်း ထုတ်ယူနိုင်သောကြောင့် လုပ်ငန်းများအတွက် အချိန်နှင့် လူ့စွမ်းအားအရင်းအမြစ်များကို များစွာ သက်သာစေမည် ဖြစ်ပါသည်။

laptop
Accounting System Dashboard

Advantages of Accounting System

ငွေကြေးအမျိုးအစား(ကျပ်၊ဒေါ်လာ၊ယန်း အစရှိသဖြင့်) ငွေကြေးကို အသုံးပြု၍ ကုမ္ပဏီ၏ ငွေကြေးစာရင်းဇယားများကို တိကျလျှင်မြန်စွာ တွက်ချက်ပေးနိုင်ခြင်း။

ငွေလက်ခံရရှိမှုများ၊ ငွေပေးချေမှုများ၏ စာရင်းဇယားများကို ပြန်လည်ကြည့်ရှု စစ်ဆေးနိုင်ခြင်း နှင့် နှစ်စဉ်အလိုက် အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်းများကို ကြည့်ရှုစစ်ဆေးနိုင်ခြင်း။

လစဉ်အလိုက်၊ နှစ်စဉ်အလိုက်၊ အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်း၊ ငွေစာရင်းမှတ်တမ်း၊ ဘဏ်စာရင်းမှတ်တမ်းများကို Download သိမ်းဆည်းကြည့်ရှုစစ်ဆေးနိုင်ခြင်း။

The Functions of Accounting System

Management information

ကုမ္ပဏီတွင် အသုံးပြုထားသော စာရင်းဇယားများ၊ ငွေကြေးများ၊ ငွေလဲလှယ်နှုန်းများ၊ ပိုင်ဆိုင်မှုအမျိုးအစားများ စသည့် စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များကို စနစ်တကျ သိမ်းဆည်းထားနိုင်ခြင်း။

Account books

ငွေစာရင်းများ၊ ဘဏ်စာရင်းများ၊ နေ့စဉ်မှတ်တမ်းစာရင်းများ၊ Journal စာရင်းများကို သက်ဆိုင်ရာ အချိန်ကာလအလိုက် မတည်ငွေ၊ စာရင်းပိတ် လက်ကျန်ငွေများကို မြန်ဆန်စွာ ကြည့်ရှုစစ်ဆေးနိုင်ခြင်း။

Calculation of tax

လစဉ်အလိုက် ပေးဆောင်ရမည့် အခွန်စာရင်းလုပ်ဆောင်ချက်များကို စုစည်းပြီး ပေးဆောင်ရမည့် အခွန်ကို အလိုအလျောက် တွက်ချက်ပေးနိုင်ပြီး အရှုံးအမြတ်စာရင်းတွင် ကြည့်ရှုစစ်ဆေးနိုင်ခြင်း။

Downloading reports

ငွေစာရင်းစာအုပ်များ၊ ဘဏ်စာရင်းစာအုပ်များ၊ နေ့စဉ်မှတ်တမ်းစာအုပ်များ၊ အချုပ်လယ်ဂျာ၊ အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်းစာရင်း အစရှိသည့် အစီရင်ခံစာများကို လစဉ်အလိုက် နှစ်စဉ်အလိုက် Download သိမ်းဆည်းကြည့်ရှုစစ်ဆေးနိုင်ခြင်း။

Ability to manage assets

ကုမ္ပဏီ၏ ပိုင်ဆိုင်မှုသက်တမ်းအပေါ် မူတည်၍ တန်ဖိုးလျော့ ပမာဏများကို အလိုအလျောက် တွက်ချက်ပေးနိုင်ခြင်း။

Financial Reporting & Automated Exchange

လစဉ် ဝင်ထွက်ငွေ၊ နှစ်စဉ် အရှုံးအမြတ်နှင့် လက်ကျန်ရှင်းတမ်းများကို လျင်မြန်စွာစစ်ဆေးနိုင်ပြီး ငွေလဲလှယ်မှု အရှုံးအမြတ်ကိုပါ အလိုအလျောက် တွက်ချက်ပေးနိုင်ခြင်း။

BIB Co., Ltd မှ Website , Web Application နှင့် Mobile Application များကိုလည်း လူကြီးမင်းတို့ စိတ်တိုင်းကျ Customize ဆောင်ရွက်ပေးနေပါသည်။

Slogan