User-Based POS

လူကြီးမင်းတို့၏ အရောင်းအဝယ်လုပ်ငန်းများကို ပိုမိုလွယ်ကူသွက်လက်စေရန် နှင့် လုပ်ငန်းခွင်အတွင်း နေရာမရွေး၊ အချိန်မရွေး ချိတ်ဆက်စီမံနိုင်ရန် User-Based POS (Cloud) စနစ်ကို ဖန်တီးထားခြင်း ဖြစ်ပါသည်။ User-Based POS (Cloud) စနစ်တွင် တိကျမှန်ကန်သော အရောင်းမှတ်တမ်းများနှင့် စတော့စာရင်း (Purchase Stock) ထိန်းသိမ်းခြင်း၊ Customer နှင့် Supplier အချက်အလက်များ စီမံခြင်းအပြင် ဂိုဒေါင်နှင့် ဆိုင်ခွဲများ (Warehouse & Shop) ကိုပါ တစ်နေရာတည်းမှ အချိတ်အဆက်မိမိ ထိန်းချုပ်လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

Overview of User-Based POS

Cloud

လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရန် ရုံးချိန်အတွင်း Phone နှင့် Online မှတစ်ဆင့် အမြန်ဆုံး ဝန်ဆောင်မှုပေးခြင်း။

Software မဝယ်ယူမီ လုပ်ငန်းလိုအပ်ချက်များကို Online မှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးပြီး Demo စမ်းသပ်အသုံးပြုနိုင်ခြင်း။

ဝယ်ယူပြီးသည်နှင့် User Guide ပေးအပ်ခြင်းအပြင် စနစ်အား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် Online Training (၁) ကြိမ် အခမဲ့ သင်ကြားပေးခြင်း။

လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်း လည်ပတ်မှုပုံစံအတိုင်း Website, Web App နှင့် Mobile App များကို စိတ်တိုင်းကျ Customize ပြုပြင်ဖန်တီးပေးခြင်း။

Functions of User-Based POS

Cloud

Dashboard

  • ရက်၊လ၊နှစ်အလိုက် ရောင်းရငွေများကို Dashboard တွင်ဖော်ပြပေးခြင်း။
  • လအလိုက် အရောင်းအစီရင်ခံစာများကို သုံးသပ်နိုင်သော Info Graph ပါရှိခြင်း။
  • အရောင်းရဆုံးကုန်ပစ္စည်းများအား ပြသပေးခြင်း။
  • ကုန်လက်ကျန် နည်းနေသောကုန်ပစ္စည်းများအတွက် Alert ပြသပေးခြင်း။
  • Expired နီးလာသော ကုန်ပစ္စည်းများအတွက် Alert ပြသပေးခြင်း။

Category

  • ကုန်ပစ္စည်းများကို အမျိုးအစားအုပ်စုလိုက် ခွဲခြားသတ်မှတ်နိုင်ခြင်း။
  • ကုန်ပစ္စည်းတစ်ခုချင်းစီကို ယူနစ်အမျိုးမျိုးဖြင့် လက်လီဈေးနှင့်လက်ကားဈေးကို ခွဲခြားသတ်မှတ်နိုင်ခြင်း။
  • သတ်မှတ်ထားသော သက်တမ်းကုန်ဆုံးမည့် ပစ္စည်းစာရင်းများအားကြည့်ရှုနိုင်ခြင်း။

Product

  • မိမိရောင်းချလိုသည့် ပစ္စည်းအချက်အလက်များ၊ဈေးနှုန်းများကို ထည့်သွင်းသတ်မှတ်နိုင်ခြင်း။
  • Product Data အချက်အလက်များကို Excel Import ပြုလုပ်နိုင်ခြင်း။

Warehouse & Shop

  • ဆိုင်ခွဲအချက်အလက်များ ထည့်သွင်းစီမံနိုင်ခြင်း။
  • ပင်မဂိုဒေါင်၊ဂိုဒေါင်ခွဲ အချက်အလက်များကို သိမ်းဆည်းနိုင်ခြင်း။

Purchase Stock

  • ကုန်ပစ္စည်းများ၏ ဝယ်ဈေး၊ Expire Date စသည်တို့ကို တိတိကျကျ ထည့်သွင်းစီမံနိုင်ခြင်း။
  • ဂိုဒေါင်/ဆိုင်ခွဲများကိုလည်း Stock Transfer ပြုလုပ်နိုင်ခြင်း။
  • ပစ္စည်းဝယ်ယူမှုတွေမှာ Consignment (အပ်နှံရောင်းချခြင်း) အဖြစ်သတ်မှတ်နိုင်ခြင်း။
  • ပျက်စီး/ပျောက်ဆုံးစာရင်း၊ လုပ်ငန်းအတွင်း အသုံးပြုလိုက်သော ပစ္စည်းစာရင်းနှင့် Expired ဖြစ်သွားသော ပစ္စည်းစာရင်းများကို စီမံနိုင်ခြင်း။
  • Sales Entry သွင်းရာတွင် Barcode၊ Product Code ဖြင့်ရှာဖွေခြင်းအပြင် Search Button မှတဆင့် ရှာဖွေ၍ အရောင်းဘောက်ချာများထုတ်ယူနိုင်ခြင်း။
  • Customer ဘက်မှပေးချေသော Payment Type အားရွေးချယ်ပြီး အရောင်းဘောက်ချာဖြတ်ပေးလို့ရနိုင်ခြင်း။
  • အရောင်းဘောက်ချာများကို Total Amount ပေါ်တွင် % ဖြင့်ဖြစ်စေ Amount ဖြင့်ဖြစ်စေ Discount များ သတ်မှတ်ပေးနိုင်ခြင်း။
  • Invoice တစ်စောင်မှာ Item အရေအတွက်အများကြီးရောင်းနိုင်ခြင်း။

Expense

  • လစဉ်အထွေထွေ အသုံးပြုစရိတ်များကို စာရင်းသွင်းထားနိုင်ခြင်း။

BIB Co., Ltd မှ Website , Web Application နှင့် Mobile Application များကိုလည်း လူကြီးမင်းတို့ စိတ်တိုင်းကျ Customize ဆောင်ရွက်ပေးနေပါသည်။

Slogan